အမြဲတမ်းတော့ ခံနိုင်မယ်မထင်
လည်ပင်းမှာ ရှုပ်ယှက်ခက်နေတဲ့ ပန်းကုံးတွေ စားပွဲပေါ်ပစ်တင်ရင်း နှုတ်ခမ်းမှာဆိုးထားတဲ့ အနီရဲရဲ နှုတ်ခမ်းနီကို တစ်ရှုးနဲ့ ပွတ်သုတ်ပစ်တယ်။ခုံပေါ်ထိုင်ချရင်း သောက်ရေဘူးဆီ လက်အလှမ်း… “ရှေး…နင့်ကို ဂျာကြီးလှမ်းခေါ်နေတယ်… ဘိုးတော်တွေဝိုင်းမှာ” “ငါအမောတောင် မပြေသေးဘူး” “အဲ့ဒါဆို ငါသွားလိုက်ရမလား” “သွားချင်သွားလေ…ငါမလာနိုင်ဘူးပြောလိုက်” ကိုယ်လုံးနည်းနည်းသွယ်ပေမဲ့ မျက်နှာဝိုင်းဝိုင်းကလေးပုံစံလေးနဲ့ ညိုက မျှော်လင့်တကြီးနဲ့မေးတယ်…ဧကန်န ခုချိန်ထိ လူမရသေးဘူးထင်တယ်… “ငါ တကယ် သွားရမလားဟင်” “အင်း သွားလိုက်…ငါနေမကောင်းလို့ … Read More